MNP ၊ ဇွန် ၆
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲ အချိန်က ကသာမြို့ ပတ္တမြား ရပ်ကွက်ရှိ မြို့ဦးကျောင်းဝင်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို ကသာခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် ရည်ရွယ်၍ ကသာ မြို့သစ်ပင်ချစ်သူများအဖွဲ့နှင့် ပူးပေါင်းကာ ကျွန်း၊ စိန်ပန်း၊ မှန်ဂျန်ရှား၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ဗန်ဒါ စသည့်သစ်ပင်ပေါင်း (၅၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းကိုဦး ထံမှ သိရသည်။
ထိုသို့ သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကသာမြို့သစ်ပင်ချစ်သူများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့ ကသာမြို့နယ်အတွင်းမှာ သဘာဝသစ်တောများ မပြုန်းတီးစေရန် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ရော မြို့နယ်အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက်ရော သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးအတွက် စိတ်တူကိုယ်တူ ဝါသနာတူအဖွဲ့ဝင်များ ဖွဲ့စည်းပြီး ဦးစားပေးအနေဖြင့် ဘုန်းတော်ကြီးကျောင်းဝင်းများအတွင်း မိုးရာသီကာလတစ်လျှောက်လုံး အဖိုးတန်အရိပ်ရ သစ်ပင်ကြီးများကို စိုက်ပျိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကျော်စွာ
https://t.me/MyanmarNationalPost
No comments:
Post a Comment