Pages

Pages

လားရှိုးမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်လှစ်




MNP ၊    ဇွန်   ၅

ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးခရိုင် မီးသတ်ဦးစီးမှူးတွင် ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဝေဠုသတိုးက ရှာဖွေကယ်ဆယ်ရေးသင်တန်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်က သင်တန်းတက်ရောက်မည့် သင်တန်းသားများအတွက် သင်တန်းဝတ်စုံများအား ပေးအပ်ရာ သင်တန်းသားများ ကိုယ်စားသင်တန်းတက်ရောက်လာသူတစ်ဦးက လက်ခံရယူသည်။


အခမ်းအနားသို့  လားရှိုးခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း၊ လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူးရုံး  ဒုတိယရဲမှူးကြီး ဝေဠုသတိုး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်မည်ဖြစ်ကာ သင်တန်းသား (၅၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း  သိရသည်။


စိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment