Pages

Pages

ကလေးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ



MNP ၊    ဇွန်   ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်နေ့ကို “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” (Solutions to Plastic Pollution) ဆောင်ပုဒ်ဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး ပလတ်တစ်ညစ်ညမ်းမှု အန္တရာယ်သည် ကမ္ဘာတစ်ဝှမ်းကို သက်ရောက်မှုရှိသောကြောင့် ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရာတွင် အစိုးရအဖွဲ့များ၊ အရပ်ဖက်အဖွဲ့စည်းများအားလုံး အတူတကွပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ များမှ စုပေါင်းမှတ်တမ်း ဓာတ်ပုံများကူးခဲ့ကြသည်။


ဆက်လက်၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုများ ပြသ ခဲ့ပြီး အထိမ်းအမှတ် ပြခန်းများတွင် ခင်းကျင်းပြသထားသည့် ပတ်ဝန်းကျင်လေထုတိုင်းတာခြင်းနှင့် တိုင်းတာရရှိသည့် ရလဒ်များအား စိစစ်သုံးသပ်အကြံပြုချက်များ၊ ဝန်းကျင်လေထု တိုင်းတာသောစက်၊ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်း‌ရေးနေ့ ဆောင်ပုဒ်များ၊ Talk Show ဆောင်ရွက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာ ပေးဆောင်ရွက်ခြင်း မှတ်တမ်းဓာတ်ပုံများ စာအုပ် စာစောင်များကို လှည့်လည်ကြည့်ရှုကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment