ဆိုင်ကလုန်း (မိုခါ) မုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်မှပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိုင်ကလုန်း (မိုခါ) မုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်မှပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၇

ဆိုင်ကလုန် (မိုခါ) မုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်မှပြည်သူများအတွက် အလှူရှင်များမှ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ဆိုင်ကလုန်း (မိုခါ) မုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် အလှူငွေများ လှူဒါန်းသည့် အလှူရှင်များကို ကျေးဇူးတင်စကားပြောကြားသည်။ ထိုနောက် အလှူရှင်များက လှူဒါန်းငွေကျပ် ၁၅၈၅၄၀၀၀ ကျပ်နှင့် ၂၃၁၇၀၀၀ တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းမျိုးစုံကို ပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သက်ထွဋ်၊ အဖွဲ့ဝင်(၂) ဦးကျော်ဇေယျ၊ အဖွဲ့ဝင် (၃) ဦးနိုင်ဝင်းကျော်နှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်တို့က လက်ခံရယူခဲ့ကြာင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။   


ချမ်းသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)