MNP ၊ ဇွန် ၇
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရတ်ချေးငွေများကို သတ်မှတ်ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်ဘဏ်၌ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ယူကြသည့် တောင်သူများအား မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးဇော်မျိုးသန့်က စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေရခြင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ချေးငွေထုတ်ချေးပေးခြင်း လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး အတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများအား ထုတ်ချေးပေးရာတွင် ယနေ့၌ တံတားဦးမြို့နယ် ဇီးကန်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူပေါင်း(၄၀)ဦး၏ အခြားသီးနှံ (၂၇၂)ဧကအား တစ်ဧကလျှင် (၁၀၀၀၀၀))နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း(၂၇၂၀၀၀၀၀) ထုတ်ချေးပေးနိုင်ပါကြောင်း၊ တံတားဦး မြို့နယ် အနေဖြင့် ကျေးရွာအုပ်စု(၂၈)အုပ်စုကို မိုးစပါး(၁၄၅၇၅)ဧက၊ အခြားသီးနှံ(၅၅၂၅၁)ဧက လျာထားပြီး ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း ၊ ၂၀၂၀-မိုး ၊ ၂၀၂၁-မိုး ၊ ၂၀၂၂-မိုးနှင့် ကိုဗစ်-၁၉ ချေးငွေများ ပြေကျေစွာ ပေးဆပ်ခဲ့သည့် တောင်သူများကိုသာ ၂၀၂၃-ခုနှစ် မိုးဘဏ်ထုတ်ချေးပေးမည် ဖြစ်ကြောင်း ၊ ချေးငွေထုတ်ချေး ပေးရန်ကာလကို ၂၀၂၃-ခုနှစ် ၊ မေလမှစတင်၍ စက်တင်ဘာလကုန် အထိ ထုတ်ချေး ပေးမည်ဖြစ်ကြောင်း ၊ စပါးတစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်း ၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ်(၁)သိန်း ထုတ်ချေးပေးမည် ဖြစ်ကြောင်း ၊ ချေးငွေများထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ကို မြို့နယ်ရုံးတွင် သိမ်းဆည်းထားရမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံမှ သိရသည် ။
ဦးရဲတင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment