ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်



MNP ၊ ဇွန် ၃

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်ပထမအစီးသည်  ဂတ်စ်မီးဖိုအလုံး ၆၀ ပါ ၆ ဖာ၊ ဂတ်စ်ဘူး အလုံး ၆၀ ပါ၃ ဖာ၊ ကြက်ဥ ၆,၀၀၀ လုံး၊ ၁၃ မျိုးပါ စားသောက်ကုန် ၁,၃၃၉ ဖာ၊ ကြက် ၅၀ ကောင်၊ Portable Generator Set 56 kW ၂ စုံ စုစုပေါင်းကုန်တန်ချိန် ၁၁ တန် တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ အငူမော်ကမ်းထိုးရပ်သို့ လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် ဆန်အိတ် ၉၉၉ အိတ် စုစုပေါင်း ကုန်တန်ချိန် ၅၀ တန်တို့အား စစ်တွေကမ်းထိုးရပ်၌ တင်ဆောင်၍ ပေါက်တော ကမ်းထိုးရပ်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် မီးစက် ၃ လုံး၊ သစ်မျိုးစုံ  ၆၉၆ ချောင်း၊ ဘိလပ်မြေ ၁,၅၁၉ အိတ်၊ ဒီဇယ်ဆီ ၅ ပေပါနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Backhole ၁ စီး စုစုပေါင်း ကုန်တန်ချိန် ၁၁၀.၉၅ တန် တို့အား စစ်တွေကမ်းထိုးရပ်နှင့် အငူမော်ကမ်းထိုးရပ်တို့၌ တင်ဆောင်၍ ရသေ့ တောင်ကမ်းထိုးရပ်သို့လည်းကောင်း ယနေ့တွင် အသီးသီးပို့ဆောင်ပေးခဲ့သည်။


အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များအား တာဝန်ရှိ သူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)