စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများ သတ်မှတ်ဧက ထက်စိုက်ပျိုးနိုင်ရေး အဓိကထား ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများ သတ်မှတ်ဧက ထက်စိုက်ပျိုးနိုင်ရေး အဓိကထား ဆောင်ရွက်



MNP ၊    ဇွန်   ၂၆

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံနှင့် အကျိုးတူ ပူးပေါင်း၍ စိုက်ပျိုးကြရာ ယခုနှစ်တွင် သတ်မှတ်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။ အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံမှ  တင်သွင်းသည့် မျိုးစေ့ အမျိုးအစား ၃၂၅၈၊ ၅၀၈၊ ၇၇၊၆၅၊ ၆၂၅၃ မျိုးများ စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်ကာလတွင်လည်းကောင်း၊ ဓာတ်မြေသြဇာများ ကြဲပက်ချိန်တွင်လည်းကောင်း၊ ပေါင်းမြက်များ နှိမ်နှင်းချိန်တို့ထိ ထောက်ပံ့ပစ္စည်းများအား အချိုးကျသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်ခဲ့သည်။


အစေ့ထုတ်ပြောင်းများအား စုကလိမြို့တွင် ပြောင်းစိုက်ဧကအနေဖြင့်  ၇၅၉၀ ဧက သတ်မှတ်ထားပြီး မေလအထိ စိုက်ပျိူးပြီးစီးမှု ၁၀၅ ဧက အထိစိုက်ပျိုး ပြီးစီးပြီး ဖြစ်​သည်။ စုကလိမြို့တွင် မိပါးအုပ်စု၊ မဲကုလားအုပ်စု၊ တာအုပ်အုပ်စုများတွင် အစေ့ထုတ်ပြောင်းများအား  စီးပွားဖြစ် ​စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက် ရှိပြီး လိုအပ်သည့် နည်းပညာအချက်အလက်များအား ဆုံဆည်းမြိုင် ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော နည်းပညာ ပြန့်ပွားရေးစင်တာမှ ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။


ပိုပိုအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)