MNP ၊ ဇွန် ၁၇
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသောဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်(၇)နာရီအချိန်က အ-ထ-က (၁) ကျောင်းတွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်ရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဖွင့်ချိန်တွင် ကျောင်းဝန်းကျင် သန့်ရှင်းသာယာပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန် စုပေါင်းပြီး သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊သစ်ကိုင်း၊သစ်ခက်၊သစ်ရွက်၊အမှိုက်များ ကောက်ခြင်း၊ချုံနွယ်များ၊မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်များကိုမြို့နယ်စည်ပင်သာယာရေး ကားဖြင့်စနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်ရာသို့ ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment