စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ စီစဉ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ စီစဉ်ကျင်းပ



MNP ၊    ဇွန်   ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် Succar Foundation နှင့် Unicef အဖွဲ့တို့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဦးစွာ ကျေးရွာစာကြည့်တိုက်ကော်မတီအကျိုးတော်ဆောင် ဒေါ်မြမြထွေးက အဖွင့်အမှာစကား ပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်သီတာဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ Succar Foundation မှ ဆရာမ ဒေါ်ထွေးထွေးအိက ကျေးရွာစာကြည့်တိုက်နှင့်ပတ်သက်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့ဆက်လက် ထောက်ပံ့ကူညီပေးမည့် လုပ်ငန်းများ၊  ရပ်ရွာလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပြိုင်ပွဲတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၉၀ ဦးက စာကြည့်တိုက်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အားပါးတရ ဝင်ရောက် ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ခေါက်ထီး၊ စတီးချိုင့်၊ ခရီးဆောင်ရေဗူး စသည့် အမှတ်တရပစ္စည်းများဖြင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲအနေဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို မျက်နှာသုတ်ပုဝါနှင့် ရေဖန်ပုလင်း တို့ကို ဗလာမပါ ကံစမ်းမဲများနှင့် မဲနှိုက်၍ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲကို ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာဗဟုသုတ ကြွယ်ဝစေရေးအတွက် ကျေးရွာစာကြည့်တိုက်လုပ်ငန်းများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန်၊ ကျောင်းနေအရွယ်ကလေးများ စာကြည့်တိုက်လှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စားလာပြီး စာပေလေ့လာဖတ်ရှုခြင်းအပြင် စာကြည့်တိုက်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို ကောင်းစွာသိရှိ နားလည်စေရန်၊ စာကြည့်တိုက်ကို အကျိုးရှိရှိ အသုံးချပြီး လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာ၌ အကျိုးပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါ နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့်တိုက်မှ စာကြည့်တိုက်ကော်မတီအကျိုးတော်ဆောင် ဦးမိုးနန်းဝေက ပြောပြ၍ သိရသည်။ 


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)