ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ မဟာဗျူဟာမြောက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင် မည့်အလားအလာများ ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ မဟာဗျူဟာမြောက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင် မည့်အလားအလာများ ဆွေးနွေး



နေပြည်တော် ဇွန် ၂၉

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့က နေပြည်တော်ရုံးအမှတ် (၉) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်းအနေဖြင့် ရုရှားနှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေးနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိကြောင်းဦးစွာပြောကြားပြီး နှစ်နိုင်ငံအပြန်အလှန်ခရီးစဉ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ မှတစ်ဆင့် လျှပ်စစ်၊ စွမ်းအင်၊ သတ္တု၊ စက်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် ငွေရေးကြေးရေးကဏ္ဍများအပါအဝင် မဟာဗျူဟာမြောက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင် မည့်အလားအလာများနှင့် ရုရှားနိုင်ငံ၌ ကျင်းပ ပြုလုပ်သည့်ပြပွဲများနှင့် ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသာမကဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)