လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် မအီမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် မအီမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ






MNP ၊    ဇွန်   ၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးများကို သိရှိနားလည်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များကို လူမျိုးဘာသာမရွေး အခမဲ့ငှားရမ်းပေးလျက်ရှိသည်။


ထိုသို့ ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် ပတ်သက်၍ အဆိုပါစာကြည့်တိုက်ဝန်ထမ်း ဒေါ်လွင်လွင်ပြုံးက  "  စာကြည့်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက်(၉း၀၀)နာရီမှ ညနေ(၄း၃၀) အချိန်ထိ ဖွင့်လှစ်ထားရှိပါကြောင်း၊ အသင်းဝင်တစ်ဦးကို တစ်ကြိမ်လျှင် စာအုပ်(၂)အုပ် ငှားရမ်းနိုင်ပါကြောင်း၊ အသင်းဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မည်သူမဆို စာကြည့်တိုက်အတွင်း၌ စင်တင်ထားသည့် စာအုပ်များကို စာကြည့်တိုက်ဖွင့်ချိန်မှ ပိတ်ချိန်အထိ လွတ်လပ်စွာဖြင့်(အခမဲ့)ဖတ်ရှုနိုင်သကဲ့သို့  ပြသထာသော ရုပ်သံအစီအစဉ်များကိုလည်း ကြည့်ရှုနိုင်ပါကြောင်း၊ စာကြည့်တိုက်အသင်းကို လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ လူကြီးလူငယ်မရွေး၊ ကျား/မ မရွေး အသင်းဝင်ရောက်နိုင်ပြီး စာအုပ်များကို(အခမဲ့)ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍  လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စာကြည့်တိုက်သို့ စာငှား/စာဖတ် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် " ကျွန်မတို့ဌာန စာကြည့်တိုက်မှာ ပြည်သူလုထု ဗဟုသုတ ရှာမှီးရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ပြည်သူတို့၏ ပြည်သူ့စာကြည့်တိုက်ပင် ဖြစ်ပါကြောင်း၊ အသင်းဝင်တို့၏ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများကို စာကြည့်တိုက်သို့ အခမဲ့ စာလာဖတ်ရန်နှင့် စာအုပ်များငှားရမ်းနိုင်ရန်တို့အတွက် လက်ဆင့်ကမ်း ခေါ်ဆောင်လာကြပါရန် မေတ္တာရပ်ခံ ဖိတ်ခေါ်ပါကြောင်း၊ စာပေချစ်မြတ်နိုးသူများကို မအီမြို့ ပြည်သူ့စာကြည့်တိုက်မှ လက်ကမ်းကြိုဆိုလျက်ရှိပါကြောင်းတို့ကို ဒေါ်လွင်လွင်လွင်ပြုံးက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)