အကြမ်းဖက်ဝါဒကို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ တုန့်ပြန်ကြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်ဝါဒကို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ တုန့်ပြန်ကြ




၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့ က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဂျီဟာဒ်ဝါဒီတွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရတယ်။ အဲဒီတိုက်ခိုက်မှုမှာ အပြစ်မဲ့ပြည်သူပေါင်း ၁၇ဦး သေဆုံးခဲ့ရပါတယ်။ တိုက်ခိုက်ခံရမှုအပြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာ က ခေါင်းဆောင်အသီးသီးက ပြင်သစ်နိုင်ကို စုဝေးရောက်ရှိခဲ့ကြပြီး အကြမ်းဖက်ဝါဒကို ဆန့်ကျင်ခဲ့ကြပါတယ်။ ပြင်သစ် ပြည်သူပေါင်းများစွာကလည်း လမ်းမများထက်မှာ ပြည့်ကျက်လို့ နိုင်ငံခေါင်းဆောင်တွေရဲ့ အနောက်က လိုက်ပါပြီး အကြမ်းဖက်ဝါဒကို ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါမျိုးက သမိုင်းမှာ တွေ့ရခဲတဲ့ မြင်ကွင်းပုံရိပ်မျိုး ဖြစ်ပါတယ်။ 


ယနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတယ်။ ပြင်သစ်နိုင်ငံ၊ ပါတီမြို့ တိုက်ခိုက်ခံရမှုမှာ ၁၇ ဦးသေဆုံးခဲ့တာထက် အဆပေါင်းများစွာ သာလွန်တဲ့ သတ်ဖြတ်ခံရမှုမျိုးတွေ ဖြစ်ပေါ်နေပါတယ်။ တချို့သော နိုင်ငံခေါင်းဆောင်တွေကတော့ NUG(NLD) အကြမ်းဖက်အုပ်စုရဲ့ နောက်ကနေ လက်နက်၊ ငွေကြေးပါ ထောက်ပံ့ပေးနေတယ်။ 


ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဂျီဟာဒ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းလောင်းမြို့နယ်၊ နန်နိမ်ကျေးရွာမှာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ KNDF/PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ဒေသခံပြည်သူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လောက်ပါပဲ။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ခဲ့သလိုမျိုးပဲ ကရင်ပြည်နယ်မှာလည်း KNU/PDF က အပြစ်မဲ့ပြည်သူ ၂၀ထက်မနည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ရှိသလို၊ အလုပ်သမား ၄၀ ထက်မနည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၅လောင်းပြိုင်၊ ၇လောင်းပြိုင်၊ ၈လောင်းပြိုင်၊ ၉လောင်းပြိုင် သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ NUG(NLD) ရဲ့ သြဇာခံ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆန့်ကျင်ကန့်ကွက်မယ့်သူ မရှိခဲ့ပါဘူး။


ကျွန်တော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုအခြေအနေနဲ့ ကမ္ဘာ့ခေါင်းဆောင်များကိုတော့ မေတ္တာရပ်ခံတာမျိုး မလုပ်လိုပါဘူး။ တချို့သော နိုင်ငံခေါင်းဆောင်တွေက NUG(NLD) အကြမ်းဖက်အုပ်စုနဲ့ တသားတည်း ရှိနေကြပါတယ်။ သို့ပေသော် မြန်မာနိုင်ငံမှာ ရှိတဲ့ မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေကြတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များအနေနဲ့ အကြမ်းဖက်ဝါဒအပေါ်မှာ ပြတ်ပြတ်သားသား ဆန့်ကျင်ပေးကြဖို့ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ လူသတ်မှုဆိုတာ တစ်လနေလို့တောင် တစ်ခါ၊ နှစ်ခါ မကြားခဲ့ရတဲ့ တိုင်းပြည်မှာ နေ့စဉ်နေ့တိုင်း အကြမ်းဖက်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၆ဦးထက်နည်း သေဆုံးနေရပါတယ်။ အခုရက်ပိုင်းအတွင်း အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုပြီး ခပ်စိပ်စိပ်မြင်တွေ့လာရပါတယ်။


အကြမ်းဖက်ဝါဒကို အကြမ်းဖက်နည်းနဲ့ တုန့်ပြန်ဖို့ ကျွန်တော်တို့ရဲ့ ဘာသာတရားကလည်း လမ်းညွှန်ထားတာမျိုး မရှိပါဘူး။ ဥပဒေအရ ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေက ဥပဒေကြောင်းအရ အလေးထားဆောင်ရွက်ကြ။ ကျွန်တော်တို့ ပြည်သူတွေကလည်း အကြမ်းဖက်သများ လာပြီး သတ်မယ့်အချိန်ကို ထိုင်စောင့်နေမယ့်အစား အကြမ်းဖက်ဝါဒကို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ တုန့်ပြန်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)