MNP ၊ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အ.မ.က၊ ဝေလာဝေးချောင်းဖျား ကျောင်းဝန်း အတွင်း၌ ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှူး ဦးမင်းအေးချမ်းဇွန်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူ များက ကျွန်း(၅၉)ပင်၊ ယူကလစ်(၅၀) ပင်၊ မဟော်ဂနီ(၇၁)ပင်၊ မန်ဂျန်ရှား(၂၉၅)ပင်၊ ခရေ(၁)ပင်၊ ရေတမာ (၁)ပင်၊ စိန်ပန်း၊(၁) စုစုပေါင်း အပင်(၄၇၈)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment