MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊ရ သေ့တောင်မြို့နယ် ၌(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများကို ယနေ့၊ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။
ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၁၃၂ကျောင်း အမိုးလန် ပျက်စီးရှုံးဆုံးခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြုပြင် ဆောင်ရွက်ပြီးဖြစ်သဖြင့် ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၇၄) ကျောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အထက်တန်းကျောင်းသား၊သူ(၂၃၂၄)ဦး၊အလယ်တန်းကျောင်းသား၊သူ(၄၆၅၅)ဦး၊မူလတန်းကျောင်းသား၊သူ(၇၈၈၄)ဦး၊စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၄၈၆၃)ဦးတို့ သက်ဆိုင်ရာကျောင်းများတွင်တက်ရောက်ပညာသင်ယူလျှက်ရှိကြောင်းသိရှိရသည်။
နိုင်ငံတော်အစိုးရမှ KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာ အုပ်၊ ခဲတံ၊ ပေတံများနှင့်ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment