ပေါက်တောမြို့တွင် မီးသတ်တပ်ဖွဲ့ဝင်များ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် မီးသတ်တပ်ဖွဲ့ဝင်များ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ




MNP ၊    ဇွန်   ၉

အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြသည်။


ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အမှတ်(၂)ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းခြံဝင်း၊ ရဲစခန်းဝင်း၊ အမှတ်(၃)ရပ်ကွက်လမ်း​ကြားရှိ မုန်တိုင်း ဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင် သခက်များအား ပိုင်းဖြတ်ဆောင်ရွက်ခြင်း၊ လမ်းကြောင်းများအား ရှင်းလင်းခြင်းစသော သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)