ထိုင်းနိုင်ငံတွင် ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေး တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံတွင် ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေး တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြန်လည်ရောက်ရှိ


MNP ၊ ဇွန် ၂၁

ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ဇွန် ၁၉ ရက်က ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အဖွဲ့သည် ယမန်နေ့ ည ၈ နာရီ ၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးကို ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အဖွဲ့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ထိုင်း-မြန်မာ အစိုးရနှစ်ရပ်အကြား ပိုမိုနွေးထွေးသည့် ဆက်ဆံရေးကို မြင်တွေ့လာရပြီး ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်ရှောက်ရှိနေသည့် အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများ ဖမ်းဆီးပေးနိုင်ရေး နှစ်နိုင်ငံရဲတပ်ဖွဲ့များ ဆွေးနွေးခဲ့သည့် မှတ်တမ်းများလည်း ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)