ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်( ၆၈.၁၉ )ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်( ၆၈.၁၉ )ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ





MNP ၊    ဇွန်   ၉

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်( ၆ )နာရီအချိန်မှ စတင်၍ ထုတ်ပြန်လျှက်ရှိရာ ရမ်းဗြဲမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျှက်ရှိသည်။   


တက္ကသိုလ်ဝင်တန်း အောင်မြင်သူများစာရင်းအား စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။   ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၆၉၈)ဦး၊အောင်မြင်သူ(၄၇၆)ဦးရှိပြီး၊အောင်ချက်ရာခိုင်နှုန်းမှာ (၆၈.၁၉)ရာခိုင်နှုန်းရှိသည်။(၃)ဘာသာဂုဏ်ထူးရှင်(၃၀)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၈၁)ဦးနှင့်(၁)ဘာသာဂုဏ်ထူးရှင်(၁၂၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)