ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၆၃.၈၆ ရာခိုင်နှုန်းအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၆၃.၈၆ ရာခိုင်နှုန်းအောင်မြင်





MNP ၊    ဇွန်   ၉

     နိုင်ငံတစ်ဝှမ်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ စာရင်းကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့်စာစစ်ဌာနများ၌ ယနေ့၊ နံနက်(၆)နာရီမှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၆၃.၈၆ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပြီး၊ စုစုပေါင်းဂုဏ်ထူးရှင် ၅၀၀ ဦးထွက်ရှိကြောင်းသိရသည်။


    တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website က ယနေ့၊ နံနက်(၄)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စာစစ်ဌာန(၅)ခု

တွင် ဝင်ရောက်ဖြေဆိုသူ(၁၃၂၈)ဦးရှိရာ အောင်မြင်သူ ၈၄၈ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၃.၈၆ ရာခိုင်နှုန်းရှိသည်။ ထိုနောက် သုံးဘာသာဂုဏ်ထူးရှင် ၉၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၆၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၃၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)