MNP ၊ ဇွန် ၉
၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်( ၆ )နာရီအချိန်မှ စတင်၍ ထုတ်ပြန်လျှက်ရှိရာ ရသေ့တောင်မြို့နယ်၌ လ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျှက်ရှိသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သူများစာရင်းအား စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။
ရသေ့တောင်မြို့နယ်ရှိ စာစစ်ဌာန( ၂)ခုတွင် ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၃၃၃)ဦး၊အောင်မြင်သူ(၇၅၀)ဦးရှိပြီး၊အောင်ချက်ရာခိုင်နှုန်းမှာ (၅၆.၂၆)ရာခိုင်နှုန်းရှိသည်။(၃)ဘာသာဂုဏ်ထူးရှင်(၂၇)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၅၅)ဦးနှင့်(၁)ဘာသာဂုဏ်ထူးရှင်(၁၅၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment