(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး


MNP ၊ ဇွန် ၇

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၅ ရက်နေ့နံနက်  ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများပေါင်းစပ်ဆောင်ရွက်သည့် အစည်းအဝေးဖြစ်ကြောင်း၊ အခမ်းအနားအဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အခမ်းအနားကျင်းပမည့်ရက်တွင် နိုင်ငံတော်အဆင့်အကြီးအကဲများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ အများပြည်သူများလာရောက်ဂါရဝပြုမည့် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၊ နိုင်ငံတော်အလံတဝက်လွှင့်တင်ခြင်းနေရာများတွင် ပြင်ဆင်မွမ်းမံမှုများ၊ လုံခြုံရေးနှင့်ပတ်သက်သည့် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာများအတိုင်း အဆင်ပြေချောမွေ့စေရန်နှင့်အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက် အခမ်းအနားပြင်ဆင်ရေးနှင့်စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးပြန်ကြားရေးနှင့်မှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ လွမ်းသူပန်းခွေချအလေးပြုအခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ၊ ဆွမ်းဆပ်ကပ်ရေးနှင့် ဧည်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ပြသရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများကဆွေးနွေးတင်ပြကြသည်။ ၎င်းနောက်တက်ရောက်လာကြသူများနှင့် တိုင်းဒေသကြီးဝန်ကြီးများက (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးကြသည်။


ယင်းနောက် ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဖွဲ့စည်းထားသော ဆပ်ကော်မတီများအနေဖြင့် သတ်မှတ်ထားသောလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီပြီးစီးအောင်ဆောင်ရွက်သွားကြရန်နှင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း ဝိုင်းဝန်း၍ ပူပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။


ဆန်းကျော်ဦး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)