ဇေယျာသီရိမြိုနယ်၌ မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်းစံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြိုနယ်၌ မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်းစံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ



MNP ၊    ဇွန်   ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ မျိုးစေ့ချစက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်း စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီ ရိမြို့နယ်၊ သစ်တပ်ကျေးရွာ ကွင်းအမှတ်(၁၆၀၇)ကွင်း၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးနိုင်ဝင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဒေါက်တာ မင်းစံသိန်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ‌နွေပဲတီစိမ်းစိုက်ပျိုးထားသည့် တောင်သူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးတို့က ယခုနှစ်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးထားရှိသည့်သီးနှံများနှင့် စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသည့် အရာများအား ရှင်းလင်း ပြောကြားခဲ့သည်။


ယင်းနောက် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက မျိုးစေ့ချစက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်းစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေသည့် အခြေအနေများအားလည်းကောင်း၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက  မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးနေမှုအား လက်တွေ့သရုပ်ပြခဲ့သည်။


မျိုးစေ့ချစက်ကိရိယာဖြင့် အခြောက်ထယ်ရေးတွင် မျိုးစေ့ချစိုက်ပျိုးခြင်းဖြင့်၊  မျိုးစေ့အလေအလွင့်မရှိပဲ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် လုပ်အားခလျော့ချနိုင်ခြင်းတို့ကြောင့် တောင်သူများအနေဖြင့် ငွေကုန်ကြေးကျသက်သာနိုင်ပြီး မျိုးစေ့ချ စက်ကိရိယာဖြင့် စပါး၊ ပဲတီစိမ်း၊ ပြောင်းနှင့် နေကြာ စသည့် သီးနှံများကို စိုက်ပျိုးနိုင်ကာ ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူ များအနေဖြင့် မျိုးစေ့ချစက်ကိရိယာဖြင့်စိုက်ပျိုးလိုပါက စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၈) စက်မှုလယ်ယာစခန်း တပ်ကုန်းမြို့သို့ ဆက်သွယ်၍ စိုက်ပျိုးနိုင်ကြောင်း တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)