ပလောက်မြို့တွင် တပ်နယ်မှတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းလုံခြုံစေရေးအတွက် အလေးထားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့တွင် တပ်နယ်မှတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းလုံခြုံစေရေးအတွက် အလေးထားဆောင်ရွက်




MNP ၊    ဇွန်   ၉

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်/ကျောင်းဆင်းချိန်များ၌ ကျောင်း သူ၊ ကျောင်းသားများ ယဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းလုံခြုံစေရေးအတွက်တပ်နယ်မှတာဝန်ရှိသူများနှင့်ရဲတပ်ဖွဲ့ဝင်များက ကျောင်းဖွင့်ရက်တိုင်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ယာဉ်မောင်းနှင်သူများအနေဖြင့် ကျောင်းတက်/ကျောင်းဆင်းချိန်များ၌အထူးဂရုစိုက် မောင်းနှင်ကြစေလိုကြောင်းနှင့် ကျောင်းသားဦးရေများပြီး မိန်းလမ်းမကြီးပေါ်တွင်ရှိသည့် အ.ထ.ကကျောင်းတွင် နံနက်ကျောင်းတက်ချိန်နှင့်ညနေကျောင်းဆင်းချိန်တို့၌ တပ်နယ်မှတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသူ/ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းတွင်းလုံခြုံစေရေးတို့ကို စနစ်တကျ အလေးထားဆောင်ရွက်ပေးနေကြောင်းကို ပလောက်နယ်မြေရဲစခန်း ဒုရဲအုပ် ပြည့်ဖြိုးဇော်ထံမှ သိရသည်။


နှင်းမြူလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)