မြန်အောင်၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး


MNP ၊    ဇွန်   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ညနေက အမှတ် ၁ ရပ်ကွက် စိန်ဝတ်မှုံတွင် ရောင်းချပေးခဲ့ကြသည်။


အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်ထောင်စု (၁)စုလျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်တစ်ပြည်(၂၅၀၀)ကျပ်နှုန်း၊ ဆီ ၅ဝသား (၂၀၀၀)ကျပ်နှုန်း၊ ဆားတစ်ပိသာ (၄၀၀) ကျပ်နှုန်း၊ ကြက်ဥ (၄)လုံးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)