ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇွန် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ  သန်ပန်ချောင်းရပ်ကွက်သို့သွားရောက်၍ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပိတ်ဆို့နေသော စွန့်ပစ်ပလပ်စတစ်နှင့် အမှိုက်များ ပြန်လည် ဆယ်ယူတူးဖော်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။ ထို့အပြင် ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောက်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သစ်ရပ်ကွက်ရှိ ဝိမလလမ်း နှင့် မြို့လယ်ရေနှုတ်မြောင်းအတွင်းရှိ အမှိုက်များကင်းစင်ရေးနှင့် ရေစီး/ရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု များကို သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် မြို့သစ်ရပ်ကွက်ရှိ ဦးဥတ္တမ ခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု ၁၆ အုပ်စုတို့မှ ဒေသခံ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ  ပေးအပ်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက်တွင် အလယ်ဈေးရပ်ကွက်ရှိ မဟာပညာသီဟာရာမပရိယတ္တိစာသင်တိုက်နှင့် ဆင်ချ ဆိပ်ရပ်ကွက်ရှိ ရတနာ တေဇာရမ္မဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြောက်ကြည်ညိုခဲ့ကြပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌနမှ ထောက်ပံ့သော နဝကမ္မအဖြစ် ထောက်ပံ့ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကီမိုခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် မှုံးတနှုံး၊ မောစုန်းကြီး၊ ကြက်မအိုင်အရှေ့၊ ကျောက်ပျဉ်ထောင့်နှင့် ကျောက်ဖျာ ကျေးရွာတို့မှ စာသင် ကျောင်းများနှင့် ဘာသာ/သာသနာအဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျေးရွာ များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)