MNP ၊ ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အတွင်းရှိ စက်ရုံများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက နောင်တရားမြို့ လက်ဖက်အချိုခြောက်စက်ရုံနှင့် သစ်သီးအခြောက်ခံစက်ရုံ၊ အာလူးအအေးခန်း စက်ရုံ၊ သာဘဝမြေဩဇာစက်ရုံ၊ နဂါးဘီလပ်မြေစက်ရုံများသို့ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းလေ့လာသည်။
ရှမ်းပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ လေ့လာရေးအဖွဲ့ဝင်များသည့် နောင်တရားမြို့ လက်ဖက်အချိုခြောက်စက်ရုံ၏ အစည်းအဝေးခန်းမတွင် စက်ရုံမှူး ဦးခွန်ဇော်က စက်ရုံလည်ပတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးလွင်က စက်ရုံထုတ်ကုန်များ ရောင်းချနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးကာ စက်ရုံမှူး ဦးခွန်ဇော်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ပြန်နယ်ဝန်ကြီးချုပ်က ဆွေးနွေးချက်များမှ လိုအပ်သည်များကို ဖြန့်စွက်မှာကြားခဲ့သည်။ ထို့နောက် လေ့လာရေးအဖွဲ့ဝင်များက သီးသစ်အခြောက်ခံစက်ရုံလည်ပတ်မှုအခြေအနေနှင့် အချိုခြောက်စက်ရုံလည်ပတ်မှုအခြေအနေများကို လေ့လာခဲ့သည်။
မွန်းတည်းပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် လေ့လာရေးအဖွဲ့ဝင်များသည် နောင်တရားအာလူးအအေးခန်း၌ မျိုးအာလူးထည့်သွင်းထားမှုအခြေနှင့် စားအာလူး သိုလှောင်ထားမှုအခြေအနေများကို လေ့လာခဲ့သည်။ ထို့နောက် နောင်တရားအာလူး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက အာလူးအအေးခန်းလည်ပတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်နေမှု အခြေအနေများကိုလေ့လာကြပြီး နောင်တရားအာလူးအသင်းမှ အသစ်ဆောက်လုပ်မည့် အာလူးသစ်ရှုးကာချာ အဆောက်အဦးတည်ဆောက်မည့် အဆောက်အဦးမြေနေရာကို ပနက်ရိုက်၍ အမွေးနံ့သာများပတ်ဖြန့်ခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အာလူးသစ်ရူးကာချာတည်ဆောက်ရေးအတွက် မတည်ငွေကျပ်သိန်း(၅၀၀)ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကပေးအပ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက လက်ခံရယူခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများကို ကြည့်ရူ့အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအထွေထွေလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ်(၁၃)သိန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လေးနွယ်ထံသို့ ပေးအပ်ထောက်ပံ့ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တီကျစ်အထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများကို ကြည့်ရူ့အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအထွေထွေလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးဖြူသို့ ပေးအပ်ထောက်ပံ့ပေးသည်။ ထို့နောက် တီကျစ်နဂါးဘီလပ်မြေစက်ရုံသို့ ဆက်လျက်ထွက်ခွာရာ တီကျစ်နဂါးဘီးလပ်မြေစက်ရုံ ရှင်းလင်းဆောင်တွင် စက်ရုံတာဝန်ခံ ဦးမင်းသိန်းထိုက်မှ စက်ရုံလည်ပတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် လေ့လာရေးအဖွဲ့ဝင်များသည် နဂါးဘိလပ်မြေ စက်ရုံလည်ပတ်မှုအခြေအနေကို ကြည့်ရူလေ့လာကြကြောင်း သိရသည်။
ခွန်အောင်
https://t.me/MyanmarNationalPost





No comments:
Post a Comment