Pages

Pages

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်




MNP ၊    ဇွန်   ၈             

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ယနေ့နံနက် ၁၁ နာရီကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ‌ဒေါ်စန္ဒာကြည်က  ရုံးလုပ်ငန်း တာဝန်များကို တာဝန်ယူလုပ်ဆောင်ရွက်နေကြသော ဝန်ထမ်းများအားလုံးနိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို သိရှိနားလည်ပြီး  ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာဖြင့် ထိရောက်အောင်မြင် လာစေရန်ရည်ရွယ်၍  ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြား သည်။


ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ဝန်ထမ်းများကနိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ စာအုပ်အခန်း(၁)ပါ  အမည်နှင့်အဓိပ္ပါယ်ဖေါ်ပြချက်၊ အခန်း(၂)ပါဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သတ်မှတ် ချက်များ ခေါင်းစဉ်များကို ဝန်ထမ်းတစ်ဦးချင်း အသေးစိတ်ဖတ်ကြားခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူးက ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက် ဆွေးနွေးခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment