MNP ၊ ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂) နာရီခွဲက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိပြီး စာအုပ်စာပေများ လာရောက်ငှားရမ်းဖတ်ရှုနိုင်စေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရှိစေရန်၊ စာဖတ်ရာတွင် အဖြတ်အတောက် မှန်ကန်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ ပြုလုပ်ပေးခြင်း ဖြစ်သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အသံထွက်မှန်ကန်စွာနှင့် အဖြတ်အတောက်မှန်ကန်စွာ ဖတ်ရှုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment