MNP ၊ ဇွန် ၁၇
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့်အဖွဲ့သည် ယနေ့၊ နံနက်(၉)နာရီက ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့ ကိုယ့်အား ကိုယ်ကိုး အမှတ်(၁)မူကြိုကျောင်း၌ ကိုယ်ဝန် ဆောင်မိခင်များအား အာဟာရ ထောက်ပံ့ ပေးအပ်ခြင်းနှင့်ကျန်းမာ ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့်အဖွဲ့သည် ကိုယ်ဝန်ဆောင်မိခင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌမှ အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထိုနောက် ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်ဇေယျာလင်းက ကိုယ်ဝန် ဆောင် မိခင်များအား ကျန်းမာရေးနှင့်ကိုက်ညီအောင် အာဟာရမျှတစွာ စားသုံးနေထိုင်ခြင်းနည်းလမ်းများကို မျှဝေပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရနှင့်ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ မူကြိုကလေးငယ်များအား အာဟာရမှုန့်တိုက်ကျွေးပေးကာ ကလေးငယ်များကို လိုက်လံ နှုတ်ဆက်ပြီး၊ ကလေးကစားစရာ အရုပ်ကလေးများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment