Pages

Pages

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန် ရှိသူများ လာရောက်ကြည့်ရှုအားပေး






MNP ၊    ဇွန်   ၉

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့၊ နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာ အထက(ခွဲ) ကျောင်း၌ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့် ရှုအားပေးခဲ့ကြသည်။


       ထိုနောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုရေးအဖွဲ့မှ ပါရဂူများပါဝင်သော ကလေးအထူးကုဆရာဝန်ကြီး၊ ထွေထွေရောဂါကု ဆရာဝန်ကြီးတို့က လက်ဝဲစာတိုက်ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


  ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် လက်ဝဲစာတိုက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွား ရောက်ပြီး၊ ကျောင်းတိုက်ဆရာတော်ကြီးအားဖူးမျှော် ကန်တော့ကာ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးခဲ့သည်။


ပြီးနောက် ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြား ပြောကြားပြီး ဆန်ရိက္ခာများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment