တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ​​ စျေးရောင်း​စျေးဝယ်ပြုလုပ်​နေမှုများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ​​ စျေးရောင်း​စျေးဝယ်ပြုလုပ်​နေမှုများအား ကွင်းဆင်းစစ်ဆေး



MNP ၊    ဇွန်   ၁၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မြို့သစ်ဈေးသို့သွားရောက်၍ ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရှိစေရေးနှင့် ပြည်သူများ ​စျေး​​ရောင်း​စျေးဝယ် ပြုလုပ်​နေမှုအ​ခြေအ​နေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့သစ်ဈေး၌ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ လောင်စာ တောင့်၊ အ​ခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး တို့ကို ရောင်းချနေမှုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင် ရောင်းချ ရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိသည့် ဈေးနှုန်း များအား ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီး အပြန်အလှန်​ဆွေး​နွေး​မေးမြန်းခဲ့ပြီး တိုင်း​ဒေသကြီး ဝန်ကြီးချုပ်က ​စျေးအတွင်း သန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန်၊ အပတ်စဥ်ဗုဒ္ဓဟူး​နေ့နှင့် တနင်္ဂ​နွေ​နေ့တိုင်း ပလတ်စတစ်အိတ်အသုံးမပြုရ​နေ့ သတ်မှတ် ထားရာမှ တိုးမြှင့်​နိုင်​ရေးနှင့် ကျန်းမာ​ရေးနှင့် ညီညွတ်​သော စား​သောက်ကုန်များအား ​ရောင်းချဝယ်ယူကြရန် မှာကြားခဲ့ပြီး ​စျေးအတွင်း လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ကြောင်း သိရ သည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)