ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းဆောင်ရွက်






MNP ၊    ဇွန်   ၁၆

ရခိုင်ပြည်နယ်၊စစ်တွေခရိုင် ၊ ရသေ့တောင် မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းအချိန်တွင် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း(အထက ၁)၊(အထက ၂)၊(အမက ၂)၊(အမက ၆)၊ကျောင်းများ၌ဌာနဆိုင်ရာဝန်ထမ်းများက အဖွဲ့များခွဲ၍  စုပေါင်းဆောင် ရွက်ခဲ့ ကြောင်း သိရသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ကျောင်းသားကျောင်းသူများက ကျောင်းခြံဝင်းများအတွင်းရှိ မြက်နှင့်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း များစုပေါင်းဆောင်ရွက်ခဲ့ကြပြီးအမှိုက်သရိုက်များအား မြို့နယ်စည်ပင်ဝန်ထမ်းများမှအမှိုက်သိမ်းကားများဖြင့်လိုက်လံသိမ်းဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့​ကြောင်းသိရှိရပါသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက် နှင့်အဖွဲ့ဝင်များ က ရောက်ရှိစစ်ဆေးကာ  လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)