ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ မေ  ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဇွန်လ(၆)ရက်နေ့ နောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုရှိနိုင်ကြောင်း၊ မိုခါမုန်တိုင်းမှာကဲ့သို့ ရပ်ကွက်/ကျေးရွာများတွင်ကြိုတင်အချိန်မီပြောင်းရွှေ့မှုများ ပြုလုပ်ထားနိုင်သဖြင့် ပျက်စီးဆုံရှုံးမှုများ နည်းပါးခဲ့သည်ကို အားလုံးလက်တွေ့သိမြင်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ မိုခါမုန်တိုင်းတွင် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းပေါင်း(၈)ကျောင်းအား အလှူရှင်များ၏ ပံ့ပိုးကူညီမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုတို့ဖြင့် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့ပြီဖြစ်ပါကြောင်း၊ ယခုအခါကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် ကျောင်းသား၊ကျောင်းသူစာရင်းများအား ပညာရေးဌာနအနေဖြင့် ကြိုတင် ပြုစုပေးထားရန် လိုအပ်ပါကြောင်း၊ ဂွမြို့နယ်တွင် သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွါးမှုရှိခဲ့သဖြင့် ခြင်ပေါက်ပွါးမှုမရှိစေရေး အတွက် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)