ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ မှန်ပြတောင်ပေါ်တွင် ကိန်းဝပ်တည်ရှိသည့် ကာစမဏိသေလာမှန်ပြတောင်စေတီတော်မြတ်ကြီး ဉာဏ်တော်မြှင့်တင့်ခြင်းနှင့် ဘက်စုံ ပြုပြင်မွမ်းမံရန် အလှူတော်ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ မှန်ပြတောင်ပေါ်တွင် ကိန်းဝပ်တည်ရှိသည့် ကာစမဏိသေလာမှန်ပြတောင်စေတီတော်မြတ်ကြီး ဉာဏ်တော်မြှင့်တင့်ခြင်းနှင့် ဘက်စုံ ပြုပြင်မွမ်းမံရန် အလှူတော်ငွေပေးအပ်


MNP ၊ ဇွန် ၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ မှန်ပြတောင်ပေါ်တွင် ကိန်းဝပ်တည်ရှိသည့်ကာစမဏိသေလာ မှန်ပြတောင်စေတီတော်မြတ်ကြီးအား ဉာဏ်တော်မြှင့်တင်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံ တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင် ကျောင်းတိုက်၌ ပြုလုပ်ရာ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကေတုမာလနှင့် မှန်ပြတောင် ဆရာတော် ဘဒ္ဒန္တ ကေသရ  အမှူးပြုသော သံဃာတော်များကြွရောက်တော် မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။ ထို့နောက် မှန်ပြတောင်စေတီတော်မြတ်ကြီး ဉာဏ်တော်မြှင့်တင် တည်ထားရေးနှင့် ဘက်စုံပြုပြင် မွမ်းမံရေးနှင့်ပတ်သက်၍ တာဝန်ရှိ သူတစ်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေးအတွက် အလှူငွေများအား စေတနာရှင်အလှူရှင်များမှ ပေးအပ် လှူဒါန်းကြသည်။ ဆက်လက်၍ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာယူခဲ့ကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)