မိုင်းယောင်းမြို့နယ်၌ တညင်းသီးအထွက်နည်းပြီး ဈေးပိုမို ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယောင်းမြို့နယ်၌ တညင်းသီးအထွက်နည်းပြီး ဈေးပိုမို ရရှိ


MNP ၊    ဇွန်   ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းမှ ရာသီပေါ်သီးနှံဖြစ်သော ဒေသခြံထွက် တညင်းသီးများသည် ယခုနှစ်တွင် အထွက်နည်းပြီး အထူးရောင်းအားကောင်းကာ ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်း သိရသည်။


တညင်းသီးကို အတို့အမြုပ်အဖြစ် အစိမ်းစားပြီး အချို့က ဟင်းချက်စရာအဖြစ်လည်း စားကြကြောင်း၊ ယခင်နှစ်က တညင်းသီးဖြိုင်ဖြိုင်ထွက်၍ တစ်ပြည်ကို ကျပ် ၂၇၀၀ မှ ၃၀၀၀ ကျပ် ရောင်းရကာ ယခုနှစ်တွင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်နှင့် ရောင်းချရကြောင်း၊ တစ်နေ့ကို လေးပြည်ခန့် အနည်းဆုံး ရောင်းရကြောင်း သိရသည်။


“ဒီနှစ်မှာတော့ မိုင်းယောင်းမှာ တညင်းသီး အထွက်နည်းတဲ့နှစ်လေ၊ ဒါပေမဲ့ ကျွန်တော်တို့ခြံကတော့ ခါတိုင်းနှစ်တွေထက် ပိုထွက်တယ်လေ၊ သီးနှံပျက်စီးမှုလည်း နည်းပါတယ်။ ဒီဈေးနှုန်းအတိုင်းဆိုရင်တော့ ဒီနှစ်အဆင်ပြေနိုင်ပါတယ်”ဟု တပိုင်တနိုင် တညင်းသီးစိုက် တောင်သူတစ်ဦးက ပြောသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)