ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ (ဒုတိယအကြိမ်) ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ (ဒုတိယအကြိမ်) ပို့ဆောင်




MNP ၊ ဇွန် ၃၀

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သောမျိုးစပါးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။


ထိုသို့စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေမှ ဝယ်ယူခဲ့သည့် GW-11 မျိုးစပါး ၁၄၄၂၅ တင်းကို တပ်မတော်မော်တော်ယာဉ် ၆၅ စီးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၃၀၀၀ တင်းကို တပ်မတော်မော်တော်ယာဉ် ၁၂ စီးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြနှင့် ဝါးခယ်မမြို့တို့မှဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၃၀၆၇.၅ တင်းကို တပ်မတော်မော်တော်ယာဉ် ၆၃ စီးဖြင့်လည်းကောင်းတင်ဆောင်၍ ယမန်နေ့က ဒုတိယအကြိမ် သွားရောက်ပို့ဆောင်လျက်ရှိသည်။


အဆိုပါ စပါးမျိုးများကို မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီတင်ဆောင်ပေးကြရာ ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်သို့ရောက်ရှိသည့် မျိုးစပါးများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် လိုအပ်လျက်ရှိသည့် မျိုးစပါးများကို အချိန်မီရရှိရေး ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)