ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ မြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆေးဖြန်းနေမှုများအားကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ မြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆေးဖြန်းနေမှုများအားကြည့်ရှုအားပေး






MNP ၊    ဇွန်   ၁၇

ရခိုင်ပြည်နယ် ၊ သံတွဲမြို့၌ လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦး နှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီက အပတ်စဉ်စနေနေ့တိုင်းမြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆေးဖြန်းနေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့နှင့်နယ်မြေခံတပ်မတော်သားများစုပေါင်း၍  သံတွဲခရိုင်ပြည်သူ့ ဆေးရုံခြံဝန်းအတွင်းရှိ ခြုံနွယ်သစ်ပင်များ၊ မြက်များအားခုတ်ထွင်ရှင်းလင်းနေမှုနှင့် သာသနဗိဗ္မာန်၊ မြို့မဝေဠုဝန်  ဘုန်းတော်ကြီးကျောင်းနှင့်ငပလီလမ်းရှိ အခြေခံပညာမူလတန်းကျောင်းတို့တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးဆေးဖြန်း ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။


အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာသို့ ဗိုလ်ချုပ်စိုးနိုင်ဦး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျောင်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)