နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီပဓာနမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီပဓာနမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်



MNP ၊ ဇွန် ၁၆

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီးမဟာအောင်မြို့မြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီး ပဓာန မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပခဲ့ရာတွင် ပါဝင်ဆောင်ရွက် ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယမန်နေ့က မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး၏ အန္တိမဈာပန အခမ်းအနားကျင်းပခဲ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး နေ့လည်စာဖြင့် ဂုဏ်ပြုဧည့်ခံကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိကျောင်းသို့သွားရောက်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသနှင့် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသတို့ကို ဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု ငွေများဆက်ကပ်ပြီးနောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ် ပြတိုက် တည်ဆောက်သွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ ဩဝါဒများခံယူခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)