လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ ဒေသခံပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ ဒေသခံပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ်


MNP ၊    ဇွန်   ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ပန်းတောကြီးကျေးရွာနှင့် သဲနုကုန်းကျေးရွာအုပ်စု စောပြာကျေးရွာ တို့တွင် ယနေ့ နေ့လယ်ပိုင်းက ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မကြာမီကာလတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ် များအကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထားရန်လိုအပ်ကြောင်း၊ တောင်သူများမိုးစပါး စိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာအကူအညီများအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်း အသိပညာပေး သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး နေလင်းအောင်နှင့် အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ကျော်မြသန်းတို့က ကျေးရွာနေပြည်သူများ အေးချမ်း သာယာစွာ နေထိုင်နိုင်ရေး၊ လုံခြုံရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာကြရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့  အချိန်မီသတင်း ပေးပို့ရန်၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်မှုမရှိစေရေး အလေးထားနေ ထိုင်သွားကြရန်၊ တရားခံပြေးများတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားရန်နှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများမှ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ လမ်းတံတားနှင့် ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေး လုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကို ဆောက်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာလုံခြုံရေး ဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြရန်နှင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်၊ နယ်မြေ လုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့  အချိန်မီသတင်းပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြသည်။


ကျော်ဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)