MNP ၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများသည်၊ ယနေ့မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများကျောင်းများသို့၊ ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးဇေယျာရွှေမြေလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။
အဆိုပါကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်တွင်ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်များ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်းလျော့နည်းပပျောက်ရေးအတွက်ဦးစားပေးအနေဖြင့်ချက်ချင်းဆောင်ရွက်ရမည့်အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ အသိပညာပေး၊ ကဗျာကာတွန်းများပါရှိပြီး၊ အဆိုပါလက်ကမ်းစာစောင်ကို စစ်ကိုင်းတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေး"အသိပညာပေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ" မှတာဝန်ခံထုတ်ဝေပြီးအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အေးမြင့်စန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment