Pages

Pages

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ



MNP ၊    ဇွန်   ၇

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် “အားပါတဲ့ စေတနာ စကားများ”စာအုပ်ပါ အကြောင်းအရာများကို စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ အသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်းကျင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေသားသည့် “အားပါတဲ့ စေတနာစကားများ” စာအုပ်ပါ အကြောင်းအရာများကို ဥတ္တရသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ၊ စာရေးဆရာမ (ရဿဝတီ)မေနန်း၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စာရေးဆရာမ ချယ်ချယ်(YU)တို့က အသီးသီးဆွေးနွေးခဲ့ကြသည်။


ထို့နောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထား စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment