ပေါင်မြို့နယ်တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ





MNP ၊    ဇွန်   ၂၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်စားသုံးသူကာကွယ်ရေး     အသိပညာပေးဟောပြောဆွေးနွေးပွဲကိုယနေ့ နေ့လယ် (၂)နာရီက ကဒါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။


အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိ ဦးနေဇင်သက် ကစားသုံးသူများအနေဖြင့် ဆိုးဆေးများပါဝင်သောအစားအစာများကိုရှောင်ကျဉ်ကြရန် ၊နိုင်ငံခြားမှတင်သွင်းလာသည့်အစာများတွင် မြန်မာစာလုံးပါဝင်သောအစားများကိုသာရွေးချယ်စားသုံးကြရန်၊FDA မှခွင့်ပြုထားသည့်အစားအသောက်များကိုသာ စားသောက်ကြပါရန် စသည့်အကြောင်းအရာများအပြင်ပြည်သူများသိသင့်သိထိုက်သည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာသုံးသူများအနေဖြင့် ဟင်းသီးဟင်းရွက်များကို မိမိအိမ်တွင်စိုက်ပျိုးခြင်းမဟုတ်ဘဲအပြင်မှဝယ်ယူပါကဆားရည် (၁၅)မိနစ်ခန့်စိမ်ပြီးမှသာ ချက်ပြုတ်သင့်ပါကြောင်းအပြင် အခြားသိသင့်သိထိုက်သော‌အချက်များကိုဆွေးနွေးခဲ့သည်။


ဆက်လက်၍ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသန်းဌေး ကကျေးဇူးတင်စကားပြောကြားပြီး ပြည်သူများကသိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)