ဒေးဒရဲမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသို့ ငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသို့ ငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


MNP ၊    ဇွန်   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း များသို့ ငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းက ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးနှင့် နွေစပါးစိုက်ဧကများအား သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပြီး ယခုမတည်ထောက်ပံ့ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ ဆက်လက် ကြီးကြပ်ခြင်း၊ ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ ကြောင်း သိရသည်။


ဆက်လက်၍ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များက မြို့နယ် အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍအတွက် လုပ်ငန်းရှင်အစုအဖွဲ့ (၅)ဦးအား ကျပ်သိန်း (၆၂၀)သိန်း၊ မွေးမြူရေးကဏ္ဍအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၉)ဦးအား ကျပ်သိန်း (၇၀၅)သိန်းနှင့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၅)ဖွဲ့အား ငွေကျပ် (၁၁၇၅)သိန်း၊ စုစုပေါင်း ငွေကျပ် (၂၅၀၀)သိန်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


အေဇာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)