ရွှေတောင်မြို့နယ်တွင် မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်အနှံရွေးချယ်ခြင်းကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်အနှံရွေးချယ်ခြင်းကွင်းသရုပ်ပြပွဲကျင်းပ






MNP ၊    ဇွန်   ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်  ၊ မင်းကွန်းကျေးရွာအုပ်စု၊မင်းကွန်းကျေးရွာ ကွင်းအမှတ် ၄၂၂ A ရှိတောင်သူ ဦးကျော်လွင် ၏ နွေစပါး ရက် ၉၀  စိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက  တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်အနှံရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။


     အဆိုပါ  ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီး ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး  ဦးစန်းလွင်၊ ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မြင့်မြင့်သိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင် ဦးကျော်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ ၊ ခြံတာဝန်ခံများ နှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။ 


       အဆိုပါ  မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်အနှံရွေးချယ်ခြင်းဖြင့်ဒေသအတွင်းမျိုးလိုအပ်ချက်များအတွက် တောင်သူများကိုယ်တိုင်  ပိုးမွှားရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းသော အနှံများရွေးချယ်၍ မျိုးသန့်ထိန်းသိမ်းခြင်း၊မျိုးစေ့လိုအပ်ချက်များဖြည့်ဆည်းနိုင်ခြင်း၊ ပြောင်းလဲလာသော ရာသီဉတုနှင့်အညီ တစ်သီးစိုက် ဧရိယာမှ နှစ်သီးစိုက်ဧရိယာအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုစပါးမျိုးလိုအပ်ချက်အား မိမိတို့ဒေသအတွင်း အလွယ်တကူ မျိုးပွားနိုင်ခြင်းဖြင့်တောင်သူများ၏ လိုအပ်သည့်မျိုးကောင်းမျိုးသန့်မျိုးစေ့ အချိန်မီနိုင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)