MNP ၊ ဇွန် ၁၄
မွန်ပြည်နယ်၊ပေါင်မြို့နယ် ကော့ကရင်ကျေးရွာတစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် အဆောက်အဦ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကိုယနေ့နံပိုင်းက အထက ကော့ကရင် တစ်ထပ်ကျောင်းဆောင်သစ်၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တစ်ထပ်ကျောင်းဆောင်သစ်ကို ဒုတိယမြို့နယ်ပညာရေးမှူးဦးမင်းညွန့်တင်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေး၊ကျောင်းအုပ်ဆရာမကြီးဒေါ်စန္ဒာမော်၊ကော့ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးအမွှေးနံ့သာများဖြင့် ပက်ဖြန်းခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်တင် က ယခုကျောင်းဆောင်သစ် ဖွင့်လှစ်ရခြင်းသည် ယခုဘဏ္ဍာရေးနှစ်အတွက်အစောဆုံးကျောင်းဖြစ်လို့ဂုဏ်ယူမိပါကြောင်း ကျောင်းသား/သူများအေးချမ်းစွာပညာသင်ကြားနိုင်ရန်အခုလိုကျောင်းဆောင်သစ်များကိုဆောက်လုပ်ပေးလျှက်ရှိကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင် ကျောင်းဆောင်သစ်တွေလုံလောက်မှုရှိအောင် ကျောင်းဆောင်သစ်များကိုတိုးချဲ့ဆောက်လုပ်ပေးလျှက်ရှိကြောင်းအမှာစကားပြောကြားသည်။
တဆက်တည်းမှာပင် ကော့ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ဌေးကကျေးဇူးတင်စကားပြောကြားပြီး ကောင်းဝင့်ထည်ကုမဏ္ဏီမှတာဝန်ရှိသူက ကျောင်းဆောင်သစ်ကို ကျောင်းအုပ်ဆရာမကြီးဒေါ်စန္ဒာမော်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment