ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပညာနှင့်ဘဝ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပညာနှင့်ဘဝ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်







MNP ၊    ဇွန်   ၂၃

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club၊Youth Club တို့ပူးပေါင်း၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၂ နာရီက စာရေးဆရာ ညီညီနိုင်' ရေးသားသည့် ပညာနှင့်ဘဝစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ Women Club အဖွဲ့ဝင် ဒေါ်နွေးနွေး က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှု့သည့် အလေ့ အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း  ဖြစ်ကြောင်းပြောကြားသည်။ထို့နောက် အဖွဲ့ဝင်များက စာရေးဆရာ ညီညီနိုင် ရေးသားသည့် ပညာနှင့်ဘဝစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကိုအပြန်အလှန်ဆွေး နွေးခဲ့ကြသည်။


ပေါင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊အသိပညာပေးဆွေးနွေးပွဲများကိုဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ် စာ​ပေဝါသနာရှင်များ စာဖတ်သည့်အလေ့အကျင့်အားကောင်းလာစေရန်၊စာပေမှရရှိသည့် အသိဖြင့် လူအများအား  မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ် ၍ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)