ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ





MNP ၊    ဇွန်   ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက မြို့နယ်သီရိမင်္ဂလာခန်းမဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိ ရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးစိုးလွင်တို့က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ရှိ သူများထံသို့ စိုက်ပျိုးသွားမည့် ပျိုးပင်များကို ပေးအပ်ခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမနေ(၁၅၀) ပင်၊ မန်ဂျန်ရှား(၃၀၀)ပင် စိန်ပန်း(၅၀) ပင်  စုစုပေါင်းပျိုးပင် (၅၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)