MNP - ဇွန် ၁၀
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမား ဂျု့ ဘယ်လင်ဂမ်ကို ခေါ်ယူခဲ့ပြီးဖြစ်သည်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘယ်လင်ဂမ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ + အပိုဆုကြေးများ ပေးချေခဲ့ရကြောင်း သိရသည်။
အဆိုပါ အသက် ၁၉နှစ်အရွယ် အင်္ဂလန်လက်ရွှေးစင်ဟာ လိုအပ်တဲ့ ဆေးစစ်မှုများအားလုံး ခံယူပြီးဖြစ်ပြီး ၂၀၂၉ခုနစ် ဇွန်အထိ ၆နှစ်သက်တမ်းရှိသော စာချုပ်တစ်ရပ် ချုပ်ဆိုမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်အသင်းအပါအဝင် ဥရောပအသင်းကြီးအများစုရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဂျု့ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းနှင့် ဧပြီလတည်းက သဘောတူညီမှု၇ရှိခဲ့ပြီး လက်ဦးမှုရယူခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment