MNP ၊ ဇွန် ၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှု Command Post ရုံးခန်းမတွင် ပြုလုပ်ရာ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် က ရသေ့တောင်မြို့နယ်ရှိမုန်တိုင်းဒဏ်သင့်ခဲ့သောကြောင့် ရှင်းလင်းရန်ကျန်နေသည့်ဌာနဆိုင်ရာရုံးများ၊လမ်းများမှအမှိုက်များအား အမြန်ဆုံးရှင်းလင်းဆောင်ရွက်ကြရန်၊မြို့သန့်ရှင်းသာယာလှပစေရေးအမှိုက်သရိုက်များအားစနစ်တကျစွန့်ပစ်ရန်လိုအပ်နေမှုအခြေအနေများ၊မြို့ပေါ်ရပ်ကွက်များအတွင်းပိတ်ဆို့နေသည့်ရေမြောင်းများအတွင်းရေစီး၊ရေလာကောင်းမွန်စေရေး ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှမိမိတို့ ရုံးဌာန၊ရပ်ကွက်များအတွင်းရှင်းလင်းဆောင်ရွက်ရမည့်နေရာများအား တင်ပြကြရန်နှင့် မုန်တိုင်ဒါဏ်ကြောင့်ဆားငံဝင်ရောက်ခဲ့သည့်ရေကန်များအားရေစုပ်ထုတ်ကြရန်တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့မှညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနိုင်လင်းထက်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment