လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်း ကျင်းပ


MNP ၊    ဇွန်   ၇

ကျောင်းသား/ကျောင်းသူများ   စာဖတ်ရှိန် မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေးအတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉   နာရီအချိန်က စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေး စိတ်ပညာပါရဂူ) ရေးသားသည့်  “ ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က  ကျောင်းသား/ကျောင်းသူများ မိမိတို့ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာပြီး အမှား/ အမှန်ကို ဝေဖန်သုံးသပ်ဆုံးဖြတ်နိုင်ကြစေရန်နှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ဦးစွာဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် စာရေးဆရာ  ဒေါက်တာသိန်းလွင် ရေးသားသော “ ကလေးတွေ ကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆက်လက် ပြုလုပ်ရာ စာပေ ဝါသနာရှင် မအိအိမွန်က “ ပျော်ရွှင်ချမ်းမြေ့တဲ့ကလေးဘ၀” ခေါင်းစဉ် အောက်မှ “ ပျော်ရွှင်ချမ်းမြေ့တဲ့ကလေးဘ၀ရဖို့ဟာ ကလေးတိုင်းအတွက် အလွန်အရေး ကြီးပါတယ်၊ မျက်မှောက်ကာလမှာ ကလေးဘ၀ပျောက်နေရတဲ့ ကလေးတွေအများကြီး ရှိနေကြ ပါတယ်၊ ကလေးတို့ဘ၀ ပျော်ရွှင်ချမ်းမြေ့မှုများရှိအောင် ဖန်တီးပေးကြပါ၊ ပျော်ရွှင်ချမ်းမြေ့ ပြီး ကလေးဘ၀ ပျော်မြူးနေတာဟာပင် လူကြီးတို့အတွက် ပျော်ရွှင်ကြည်နူးစရာ ဖြစ်ပါကြောင်း ” စသည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ မောင်ဘုန်းမင်းဇော် က “ ကလေးတွေ လိုက်နာအောင် ဘယ်လိုပြောကြမလဲ ” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။


အဆိုပါ   “ ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့်  မိဘတိုင်းဟာ သားသမီးတွေကို ဘ၀မှာ အောင်မြင်စေချင်ကြပါကြောင်း၊ ကျောင်းမှာလည်း အောင်မြင်စေချင်တယ်၊ အိမ်ထောင်ပြုပြီးတော့လည်း အောင်မြင်တဲ့ မိသားစု ဖြစ်စေချင်ကြောင်း၊ သားသမီးက မွေးဖွားလာတဲ့ မြေးတွေ၊ မြစ်တွေ ကျတော့လည်း အောင်မြင်စေချင်ကြောင်း၊ အောင်မြင်အောင် လမ်းပြကူညီနိုင်ဖို့က အရေးကြီးကြောင်းကို အသိပညာ ဗဟုသုတ အနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။


ခင်လေးနွယ် 

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)