MNP ၊ ဇွန် ၁၉
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ လူစည်ကားရာနေရာများဖြစ်သော မိခင်နှင့်ကလေးကျန်းမာရေးဌာနရှေ့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် မြို့မဈေးရှေ့လမ်းမကြီးတလျှောက်တွင် အများပြည်သူအသိပညာဗဟုသုတ ရရှိစေရေးအတွက် ယနေ့ မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးသတင်းစကားလက်ကမ်းစာ စောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ်ဘဝသစ်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ စသည့် ဆောင်းပါးကောက်နုတ်ချက်၊ ကာတွန်း၊ ကဗျာနှင့် အသိပညာပေး အကြောင်းအရာများကို ရေးသားဖော်ပြထားကြောင်း သိရသည်။
ချော
https://t.me/MyanmarNationalPost

No comments:
Post a Comment